Loading...
Pine Pollen Body Powder (ထင်းရှူးပန်းဝတ်မှုန် ကိုယ်လိမ်းပေါင်ဒါ)
ထုတ်ကုန်အမည်               -    Pine Pollen Body Powder (ထင်းရှူးပန်းဝတ်မှုန် ကိုယ်လိမ်းပေါင်ဒါ)
အဓိကပါဝင်ပစ္စည်း            -     ထင်းရှူးပန်းဝတ်မှုန် ၊ ၀ါး၏အဆီအနှစ်
ပါဝင်နှုန်း                          -     80g/ဗူး
ဈေးနှုန်း                            -     22200KS
PV                                   -     108
အပူလောင်ခြင်းနှင့် စိုထိုင်းခြင်းကို သဘာဝအတိုင်းစောင့်ရှောက်ပေးသော ထင်းရှူးပန်းဝတ်မှုန် ကိုယ်လိမ်းပေါင်ဒါ
ပေါင်ဒါမှုန့်သည် အသားအရေ စောင့်ရှောက်ကုန်ပစ္စည်းဖြစ်၍ အမှုန့်အခြေခံ အရည်စုပ်ယူသော ပစ္စည်းဖြစ်ပြီး အသားအရေကို အေးမြခြောက်သွေ့စေရန်နှင့် အနံ့အသက်ဆိုးများမှ ကာကွယ်ရန်ဆောင်ရွက်ပေးသည်။New Era ကျန်းမာရေးစက်မှုလူပ်ငန်း အဖွဲ့အစည်း၏ သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနမှ အသေးစိတ် သုတေသနပြု ဆောင်ရွက်ပြီးနောက် အသားအရေအတွက် အခြေခံအကျဆုံး အကောင်းဆုံး အခြေအနေတွင် အကောင်းဆုံးပါဝင်ပစ္စည်းများကို ပေါင်းစပ်ခြင်းဖြင့် ပူအိုက်စွတ်စိုခြင်းမှ အထိရောက်ဆုံး ကာကါယ်ပေးနိုင်သော ကိုယ်လိမ်းပေါင်ဒါကို ထုတ်လုပ်ထားပါသည်။
  • ယားယံမှုနှင့် ပူအိုက်စွတ်စိုမှုကို ဖယ်ရှားပေးခြင်း
         အဓိကပါဝင်ပစ္စည်းဖြစ်သော ထင်းရှူးပန်းဝတ်မှုန်သည် အရည်ဓာတ်ကိုစုပ်ယူကာ စိမ့်ဝင်မှုအားကောင်းသော ထူးခြားသော သဘာဝရှိပြီး သဘာ၀၀ါး၏အဆီအနှစ်က ကာကွယ်နိုင်ခြင်း၊ရောင်ရမ်းမှုမဖြစ်စေခြင်းနှင့် အင်တီအောက်ဆီဒင့် အစွမ်းသတ္တိရှိသည်။အဆိုပါ အစွမ်းထက်သော သဘာဝပစ္စည်းနှစ်ခု ပေါင်းစပ်ခြင်း၏ အကျိုးရလဒ်မှာ ပူစပ်
         ခြင်းကြောင့် အရေပြားမသက်မသာဖြစ်ဖြင်းနှင့် မိတ်ထခြင်းတို့အား ထိထိရောက်ရောက် သက်သာပျောက်ကင်းစေသည်။
  • အသားအရေကို သဘာဝအတိုင်း ဖြစ်စေခြင်းနှင့် အာဟာရဓာတ်များ ဖြည့်တင်းပေးခြင်း
        သဘာဝထင်းရှူးပန်းဝတ်မှုန်တွင် အမိုင်နိုအက်ဆစ်၊ဗီတာမင်များနှင့် အခြားအာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်သဖြင့် အသားအရေကို အာဟာရဓာတ် ဖြည့်တင်းပေးခြင်းနှင့် ထိန်းသိမ်းခြင်းကို ဆောင်ရွက်ပေးသည်။
ယုံကြည်စိတ်ချရပြီး အရည်အသွေးမြင့် ကျန်းမာရေးထုတ်ကုန်ပစ္စည်းဖြစ်ခြင်း
  • အမျိုးသား လုံခြုံရေးမှုကို စောင့်ကြည့်ခြင်း
        တရုတ်နိုင်ငံ ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဌာနနှင့် အထွေထွေ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် လေတပ် အထွေထွေဆေးရုံမှ ထင်းရှူးပန်းဝတ်မှုန်သည် အဆိပ်အတောက် ရှိ/မရှိကို အကြိမ်ကြိမ် စမ်းသပ် စစ်ဆေးပြီးနောက် အဆိပ်အတောက်မရှိ၊ဓာတ်တုံ့ပြန်မှုမရှိကြောင်း တွေ့ရှိခဲ့သည်။ ထို့ကြောင့် ထင်းရှူးပန်းဝတ်မှုန် ကိုယ်
       လိမ်းပေါင်ဒါသည် အခြားသော ကိုယ်လိမ်းပေါင်ဒါထက် လုံခြုံစိတ်ချရပြီး ကျန်းမာရေးနှင့် ညီညွတ်သည်။
နွေရာသီ အပူလောင်ခြင်း
နွေရာသီတွင် လူ့ခန္ဓာကိုယ်မှ မွေးညင်းပေါက်များ ပွင့်ခြင်း၊ချွေးပေါက်ကျယ်ခြင်း၊ခန္ဓာကိုယ်တွင်းအပူကို သက်သာစေရန် ချွေးထွက်စေခြင်း အခြားသဘာဝအတိုင်း အဆိပ်စွန့်ထုတ်ခြင်း၊အရေပြားအစိုဓာတ်ကို မြှင့်တင်ပေးခြင်း စသည်တို့ကို လုပ်ဆောင်ပေးခြင်းကြောင့် ကိုယ်ခန္ဓာကိုယ် အထူးသဖြင့် ကြွက်သားများကို လန်းဆန်းသန့်ရှင်းစေ
သည်။ အကယ်၍ အရေပြား ပူအိုက်စွတ်စိုလာမှုကို အချိန်မီ မဖယ်ရှားနိုင်ပါက အရေပြားပြဿနာ အထူးသဖြင့် မျက်နှာကြွက်သားများ ပျက်စီးစေခြင်းနှင့် ရှုံ့တွစေခြင်းများ ဖြစ်ပေါ်လာစေသည်။ ထင်းရှူးပန်းဝတ်မှုန် ကိုယ်လိမ်းပေါင်ဒါသည် ချွေးစုပ်ပေးခြင်း၊အသားအရေကို လန်းဆန်စေခြင်းနှင့် ကာကွယ်ခြင်းကိုဆောင်ရွက်ပေးသည်။
        အဓိကပါဝင်သောအရာများ
  • ထင်းရှူးပန်းဝတ်မှုန်
         ထင်းရှူးပန်းဝတ်မှုန်၏ မျက်နှာပြင်သည် ချောမွေ့ပြီး ဘဲဥသဏ္ဍန်ရှိခြင်း၊ချောဆီကဲ့သို့သော အရည်ပါရှိခြင်း၊ဘေးနှစ်ဖက်တွင် ပွဖောင်းနေသော လေအိတ်ပါရှိခြင်း ထိုလေအိတ် နံရံကို ပိုက်ကွန်ဖြင့် ကာကွယ်ဖုံးအိတ်ထားခြင်း၊ကောင်းစွာစိမ်ံဝင် ပျံ့နှံ့စေနိုင်ခြင်းနှင့် သဘာဝအတိုင်းစိုစွတ်နေစေသည်။ ထို့ကြောင့် အရေပြားအစိုဓာတ်ကို ထိန်းညှိ
         ပေးနိုင်ခြင်း၊အစိုဓာတ်ကို ဖြည့်တင်းပေးခြင်း၊အာဟာရဓာတ်အမျိုးမျိုးကို ဖြည့်တင်းပေးခြင်း၊အေးမြစေခြင်း၊အသားအရေကို ချောမွေ့စေခြင်းနှင့် အရေပြားပျက်စီးမှု မရှိအောင် ကာကွယ်ပေးသည်။
  • ၀ါး၏အဆီအနှစ်
        အက်ဆစ်များ၊လက်တုံးတယပန်နွိုက်စ်၊ပိုလီစက်ခရိုက်၊အထူးအမိုင်နိုအက်ဆစ်များ၊ဗီတာမင်များနှင့်သတ္တုဒြပ်စင်များ ကြွယ်ဝစွာပါဝင်သည်ကို တွေ့ရှိရသည်။ ထို့ကြောင့် ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ အထူးကောင်းမွန်ခြင်း၊ပင်ပန်းနွမ်းနယ်မှုပြေပျောက်စေခြင်း၊ရောင်ရမ်းမှုမဖြစ်စေခြင်း၊ဗိုင်းရပ်စ်ပိုးများမှ ကာကွယ်ပေးခြင်း၊အဆီကိုလျှော့ချပေး
       ခြင်း၊အဆိပ်အတောက်ကို ဖယ်ရှားပေးခြင်း၊ချောင်းဆိုးပျောက်စေခြင်းနှင့် လည်ချောင်းရှင်းပေးသော အစွမ်းသတ္တိရှိသည်။
      သုံးစွဲသင့်သူများ
  • ကလေးငယ်များနှင့် လူငယ်လူရွယ်များ
  • နာတာရှည်ရောဂါကြောင့် အိပ်ရာမှ အထနိုင်သူများ
  • အရေပြားနီရဲပူလောင်ခြင်းနှင့် ၀က်ခြံပေါက်နေသူများ
  • အရေပြားယားယံလွယ်သူများနှင့် ရံဖန်ရံခါ ယားယံခြင်း ဝေဒနာကို ခံစားရသူများ
အသုံးပြုပုံ
ထင်းရှူးပန်းဝတ်မှုန် ကိုယ်လိမ်းပေါင်ဒါကို ခန္ဓာကိုယ် တစ်ခုလုံး နူးညံ့ညင်သာစွာ ပျံ့နှံ့ရောက်ရှိစေရန် တို့ဖက်ဖြင့် အသုံးပြုနိုင်သလို အဓိက အစိတ်အပိုင်းဖြစ်သည့် ပေါင်ကြား၊ချိုင်းကြား၊တကောက်ကွေးနှင့် လည်ပင်းစသည်တို့ကို ပွတ်လိမ်းပါ။ ထိုသို့ တို့ဖက်ရိုက်ရာတွင် ခေါက်ထားသော ချိုင်းကြား၊ပေါင်းကြားစသည်တို့ကို ဆန့်ထားပြီးရိုက်ရန်နှင့် တစ်ကြိမ်တည်းနှင့် ပေါင်ဒါများစွာ အသုံးပြုနေခြင်းမျိုး မပြုလုပ်သင့်ပါ။
သတိပြုရန်
ပေါင်းဒါမှုန်ကို မျက်စိ၊နား၊ပါးစပ်နှင့် နှာခေါင်းအတွင်း မ၀င်ရောက်စေရန် သတိပြုပါ။
Pine Pollen Body Powder
ထင်းရှူးပန်းဝတ်မှုန်နှင့် ၀ါးပ်ဝင်သော ကိုယ်လိမ်းပေါင်ဒါ
၁။ အသားအရေကို ထိရောက်စွာကာကွယ်ပေးခြင်း။
၂။ ယားယံမှုကိုဖယ်ရှားပေးခြင်း။
၃။ အသားအရေကိုအေးမြစေခြင်း။
၎။ မိတ်အင်ပြင်ထခြင်းကိုသက်သာစေခြင်း။
၅။ အရေပြား နီရဲပူလောက်မှုကို ပျောက်ကင်းစေခြင်း။
၆။ နှင်းခူနာဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း။
၇။ အရေပြား ပျက်စီးမှုမှ ကာကွယ်ပေးခြင်း။
၈။ အရေပြားအပေါ်ယံလွှာတွင် ဘက်တီးရီးယားများ ပေါက်ပွားမှုမှ ကာကွယ်ပေးခြင်း။
Comments:
Power By SITES.COM.MM မှတ်ချ က်ပေး:0.2723 စက္ကန့်