Loading...
တိုက်ရိုက်ဖြန့်ဖြူးရောင်းချမှုလုပ်ငန်းတွင်ဝယ်ယူသူများ၏အကျိုးရလဒ်အားကာကွယ်ထိန်းသိမ်းမှုကော်မတီတတိယအကြိမ်နှစ်ပတ်လည်အစည်းအဝေးတတ်ရောက်
သြဂုတ်လ ၂ရက်နေ့- ၃ရက်နေ့တွင်  တိုက်ရိုက်ဖြန့်ဖြူးရောင်းချမှုလုပ်ငန်းတွင် ၀ယ်ယူစားသုံးသူများ၏ အကျိုးရလဒ်အား ကာကွယ်စောင့်ရှောက်မှု ကော်မတီ၏ တတိယအကြိမ် နှစ်ပတ်လည်အစည်းအဝေးကို “လွတ်လပ်သော စုပေါင်းဆောင်ရွက်မှုဖြင့် အောင်မြင်သောအနာဂါတ်ကို တည်ဆောက်ခြင်း” ဟူသောခေါင်းစဉ်ဖြင့်ရှယင်ချွမ်းမြို့တွင်ပြုလုပ်ကျင်းပခဲ့ပါသည်။
နှစ်ပတ်လည် အစည်းအဝေးတွင် New Era Health Industry (Group) Co.,Ltd ၏ ဒုတိယအထွေထွေမန်နေဂျာချိန်ထုံဝေမှကုမ္ပဏီကိုယ်စားပြုပြီး အစည်းအဝေးခေါင်းစဉ်နှင့် ကိုက်ညီသည့် “အစိမ်းရောင်သဘာဝပစ္စည်းများ အသုံးပြု၍ ထုတ်လုပ်သော ကုန်ပစ္စည်းများ အဓိကဦးစားပေးဆောင်ရွက်ရေး၊ လူမှုပတ်ဝန်းကျင်အား အကျိုးပြုသော လုပ်ငန်းများဆောင်ရွက်ရေး၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ငန်းဆောင်ရွက်ရေး၊ တိုက်ရိုက်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းများပိုမိုဆန်းသစ်တိုးမြှင့်လာစေရေး” စသည့်အကြောင်းအရာ(၄)မျိုးမှ မိန့်ခွန်းပြောကြားပြီး New Era Health Industry (Group) Co.,Ltd ၏
ဆန်းသစ်တီထွင်မှုအပိုင်းမှလုပ်ဆောင်ချက်များကို မျှဝေဆွေးနွေးခဲ့ရာ အစည်းအဝေးတက်ရောက်လာသူများ၏ ချီးမွမ်းခြင်းကို ခံခဲ့ရပါသည်။
ကုမ္ပဏီသည် အစည်းအဝေး၏ ဦးတည်ချက်အတိုင်း စည်းမျဉ်းစည်းကမ်းနှင့်ကိုက်ညီသော လုပ်ငန်းဆောင်ရွက်မှုများ၊ ၀ယ်ယူစားသုံးသူများအား အကောင်းဆုံးသော ၀န်ဆောင်မှုပေးနိုင်ရေး၊ ကုန်ပစ္စည်းများ၏အရည်အသွေးများ အကောင်းဆုံးဖြစ်စေရေး၊ ၀ယ်ယူပြီးနောက်ဆက်တွဲ ဖောက်သည်ဝန်ဆောင်မှုများ အရည်သွေးပြည့်မှီရေး၊ အတုအယောင်ကြော်ငြာများမရှိစေရေး၊ ပစ္စည်းအတုအယောင်များ ပျံ့နှံ့ခြင်းမရှိစေရေး၊ စီးပွါးရေးလုပ်ငန်းများ၏ လူမှုပတ်ဝန်းကျင်အတွက် ထမ်းဆောင်သင့်သောတာဝန်များကို တတပ်တအားထမ်းဆောင်ကာ တိုက်ရိုက်ဖြန့်ဖြူးရောင်းချမှုလုပ်ငန်းများ တိုးတက်လာစေရန် ၀ိုင်းဝန်းကြိုးပမ်းကြပြီးဝယ်ယူသူများကိုဝန်ဆောင်မှုပေးသည့် လုပ်ငန်းတွင် ရလဒ်ကောင်းများရရှိစေရန် ကြိုးပမ်းသွားကြရန် အတွက်ဖြစ်ပါသည်။





 

Comments:

အခြား...

Power By SITES.COM.MM မှတ်ချ က်ပေး:0.1749 စက္ကန့်