Loading...
၂၀၁၈ခုနှစ် ဟောင်ကောင်ဈေးကွက် ခေါင်းဆောင်မှုအထူးသင်တန်း အောင်မြင်စွာကျင်းပခဲ့
သြဂုတ်လ ၁၇၊ ၁၈ ရက်နေ့တွင် “စွမ်းရည်မြှင့်တင်ခြင်းဖြင့် အနာဂတ်ကိုထိန်းချုပ်ပိုင်ဆိုင်ခြင်း” ဟူသည့်ခေါင်းစဉ်ဖြင့် Zhong Jian International Company Limited မှဦးစီးကျင်းပသည့် ၂၀၁၈ခုနှစ် ဟောင်ကောင် ဈေးကွက်ခေါင်းဆောင်မှုအထူးသင်တန်း ကို မကာအိုမြို့တွင်ကျင်းပခဲ့ပြီး ဟောင်ကောင်၊မကာအို၊ထိုင်ဝမ်၊စင်ကာပူနှင့် မလေးရှားမှ မိတ်ဆွေကိုယ်စားလှယ်တို့ပူးပေါင်း
ပါဝင်ခဲ့ကြပါသည်။
၎င်းသင်တန်းအား မိတ်ဆွေကိုယ်စားလှယ်များမှ ယခုလက်ရှိ ဈေးကွက်တိုးချဲ့ရာတွင် ကြုံတွေ့နေရသည့် ပြဿနာနှင့် အခက်အခဲများအပေါ်မူတည်၍ သင့်လျော်သော သင်ရိုးညွှန်းတမ်းများပြုစု၍ အတွေ့အကြုံများသည့်ဈေးကွက်တွင်နာမည်ကျော်ကြားလူသိများသော၊အများချစ်ခင်မြတ်နိုးသည့် သင်ကြားရေးဆရာကိုဖိတ်ခေါ်ထားခြင်းဖြစ်ပါသည်။ New Era ၏ Guo Zhen စီးပွားရေးလုပ်ငန်းကျောင်းမှသင်ကြားရေးဆရာ Li Zhonghe မှခန္ဓာဗေဒနှင့် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးပညာ “၃မိနစ်ကျန်းမာရေးကြည့်ရှုနည်း”သင်ခန်းစာဖြင့် မိတ်ဆွေကိုယ်စားလှယ်တို့အား တက်တက်ကြွကြွပါဝင်စေပြီး လက်ဖ၀ါးပညာနှင့်မတူညီသည့်ခန္ဓာဗေဒအားထုတ်ကုန်မည်သို့တွဲဆက်ခြင်းဖြင့်ပြန်လည်ကျန်းမာပိုင်ဆိုင်နိုင်မှုနည်းပညာကိုသင်ကြားပို့ချခြင်း၊New Era ရာထူးကြီးကွန်ယက်ခေါင်းဆောင် ဆရာ Liu Shenshen မှ “ဦးစွာလူပုဂ္ဂိုလ်လုပ်တတ်ခြင်းဖြင့် အလုပ် လုပ်တတ်ခြင်း”သင်ခန်းစာအား သာဓက ဥပမာများဖြင့် ရောင်းချဆွေးနွေးသည့်နည်းပညာများကို သင်ကြားပို့ချခြင်း၊ရာထူးကြီးကွန်ယက်ခေါင်းဆောင် ဆရာ Zhang Xiaofeng မှ “အိမ်မှာရှိတဲ့ရွှေတွင်း”သင်ခန်းစာအားဟာသဆန်စွာ မျှဝေရှင်းလင်းခဲ့ခြင်းဖြင့် အရောင်းမိတ်ဆွေကိုယ်စားလှယ်အားတိုက်ရိုက်ရောင်းချခြင်းစီးပွားနယ်ပယ်၏ ကြီးမားသည့် အနာဂတ်အလားအလာနှင့်ရွှေအခွင့်အလှမ်းသည်မိမိပတ်ဝန်းကျင်တွင်သာရှိကြောင်းကိုတွေ့မြင်စေခဲ့ပါသည်။ Zhong Jian International သင်ကြားရေးဆရာမ ဆရာမ An Yuling မှ Shareland Beauty Factor အလှကုန်ပစ္စည်းအား လက်တွေ့အသုံးပြချက်ရလဒ်များကို နှိုင်း ယှဉ်၍ ၎င်း၏အားသာချက်နှင့် ထူးခြားချက်များကိုအပြည့်အ၀ ဖော်ပြခြင်းဖြင့် မိတ်ဆွေကိုယ်စားလှယ်တို့၏ ယုံကြည်မှုနှင့် ချီးမွှမ်းခြင်းကိုရရှိခဲ့ပါသည်။
Zhong Jian International Company Limited ၏ Deputy General Manager Ms.Jiang Qingmin မှ သင်တန်းအပြီးတွင် နိဂုံးချူပ်အမှာစကားပြောကြားရာတွင် ဤသင်တန်းသို့ပူးပေါင်းပါဝင်ကြသည့် မိတ်ဆွေကိုယ်စားလှယ်တို့အား အထူးကျေးဇူးတင်ရှိကြောင်း၊ “ကြိုးစားအားထုတ်မှုရှိမှ ရလဒ်ရှိမည်” ဖြစ်ကြောင်းနှင့် မိတ်ဆွေကိုယ်စားလှည်တို့အား ရည်မှန်းချက်ကို ခိုင်မာပြတ်သားစွာထားရှိပြီး အောင်မြင်သည့်အထိ တစိုက်မတ်မတ် ကြိုးစားသင့်ကြောင်းအားပေးစကားပြောကြားခဲ့ပါသည်။ အခမ်းအနား၏အဆုံးတွင် ကွန်ယက်ခေါင်းဆောင် Ms.Deng Xue နှင့်Ms.Ding Ran တို့၏မျှဝေမှုတွင် အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။












 

Comments:

အခြား...

Power By SITES.COM.MM မှတ်ချ က်ပေး:0.1139 စက္ကန့်